ကယားပြည်နယ် UDP ပါတီဝင်တွေ ဘော်လခဲမြို့နယ် တစည ပါတီနဲ့ ပူးပေါင်းတယ်လို့ဆို

2020.10.31
udp-logo-622.jpg ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP တံဆိပ်ကို တွေ့ရစဉ်
Photo: United Democratic Party Kayah facebook

ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကယားပြည်နယ်ထဲက ပါတီဝင်တွေဟာ ဘောလခဲမြို့နယ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ရွေးကောက်ပွဲအတွက် ဝန်းရံပေး သွားမယ်လို့ သိရပါတယ်။

UDP ပါတီဝင်အင်အား ၁၅၀၀ ကျော်တို့က ဘောလခဲမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဝင်တွေ အဖြစ် ပူးပေါင်းလိုက်ကြပါတယ်။

ပြည်သူ့အရေးကို မားမားမတ်မတ်ရပ်တည်ပေးမယ့်သူတွေကို ဝန်းရံပေးသွားဖို့ အခုလိုပူးပေါင်းတာလို့ UDP ပါတီကနေ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့စီစဉ်ခဲ့သူ ဦးကိုကိုဦးက ပြောပါတယ်။

အခု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို ဝင်ရောက်လာသူများလာတဲ့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ များနိုင်တယ်လို့ ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက  ဦးရဲရင့်စိုးညွန့်က ပြောပါတယ်။

အခုလို ပါတီဝင်တွေ များလာတယ်လို့ ယူဆရပေမယ့်လည်း ပါတီဝင်သူတိုင်းမှာလည်း လွှတ်လပ်စွာ မဲပေးခွင့် ရှိတာကြောင့် တထစ်ချ တစည နိုင်မယ်လို့တေ့ာ မပြောနိုင်ဘူးလို့ ဘောလခဲမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် စိုင်းလင်းလင်းဦးက ပြောပါတယ်။

ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ မဲပေးခွင့်ရှိသူ ၄၄၃၅ ဦး မဲဆန္ဒနယ်အမှတ် (၂) မှာ ၃၆၇၂ ဦး၊ တပ်မတော်မဲရုံက ၁၂၃၆ ဦး ရှိပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။