ဒုတိယဝန်ကြီးအဖြစ် ပြည်ထဲရေး အမြဲတမ်းအတွင်းဝန်ကိုခန့်အပ်


2019.01.03
tinmyint-deputy-interior-minister-622.jpg ဦးတင်မြင့် ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးတဲ့ အမိန့်ကြေညာစာကို တွေ့ရစဉ်
credit- MOI

ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံးက မနေ့က ခန့်အပ်လိုက်ပါတယ်။

ဦးတင်မြင့်ဟာ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရစဉ်က ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းရွေ့ပြီးတဲ့နောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ချုပ်ဖြစ်သူ ဦးတင်မြင့်ဟာ ထွေအုပ်ဌာနကို ကိုင်တွယ်ရမယ့် ဝန်ကြီးဌာနအသစ်ရဲ့ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒုဝန်ကြီး ဖြစ်လာသူ ဦးတင်မြင့်ဟာ စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးမင်းသူဟာလည်း  စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။