ကြံ့ခိုင်ရေးအမတ်မေးခွန်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဖြေဖို့ငြင်း


2018.08.29
tikhunmyat-622.jpg ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တွေ့ရစဉ်
Photo: Pyithu Hluttaw - ပြည်သူ့လွှတ်တော်

မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ လူထုတွေ့ဆုံပွဲမှာ ပါတီအလံနဲ့ တံဆိပ်တွေသုံးစွဲတာ ဥပဒေနဲ့ ညီ၊ မညီ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ယေဘုယျဆန်တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က မိတ္ထီလာမြို့နယ်၊ ရေဝေကျေးရွာ၊ အထက်တန်းကျောင်းမှာ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ လူထုတွေ့ဆုံပွဲမှာ ပါတီအလံနဲ့ တံဆိပ်တွေသုံးစွဲတယ်ဆိုပြီး တည်ဆဲဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ မိတ္ထီီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးခွန်းမေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းဟာ ယေဘုယျဆန်တယ်ဆိုပြီး ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း မေးခွန်းတွေ၊ အဆိုတွေမေးမြန်းရာမှာ အချက်အလက် တိတိကျကျနဲ့ မေးမြန်းဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို သတိပေးခဲ့ပါတယ်။

လူထုတေ့ွဆုံပွဲကို တက်ရောက်လာတဲ့ ဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌ စတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်အတိအကျကို ဖော်ပြ ပြီး ဘယ်ပါတီရဲ့ အလံစတာတွေကို တိတိကျကျဖော်ပြတိုင်တန်းမှသာ နှစ်ဖက်စစ်ဆေးလို့ရမယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြောပါတယ်။

ကော်မရှင်ရဲ့ ဖြေကြားမှုအပြီးမှာ ဒေါက်တာမောင်သင်းက နောက်ဆက်တွဲမေးခွန်းအနေနဲ့ ပါတီနာမည်ပြောခွင့် ရှိသလားဆိုပြီး မေးမြန်းတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌက ဥပဒေအရခွင့်မပြုကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။