သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
2012.07.01

အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့ တက်ရောက်ကြသူတွေထဲ ပါဝင်တဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးက ပြောပါတယ်။
"အဓိက ပြောဖြစ်တာကတော့ အလုပ်သမား ကိစ္စ၊ နောက် ဒီလယ်ယာမြေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အစရှိသဖြင့် လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေပေါ့လေ။ အဲဒီမှာ လွှတ်တော်ကနေပြီး ဒီဥပဒေတွေ ပြင်ဆင်တာ၊ ပြဋ္ဌာန်းတာ၊ ဖြည့် စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေကို တကယ် အသက်ဝင်လာဖို့ အာဏာကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြု၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဒီ ၃ခု ပြန်လှန် ထိန်းကျောင်းပြီးတော့ စစ်ဆေးတဲ့ check and balance တွေ အားကောင်းဖို့ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေ အပိုင်းက လူထု ယုံကြည်ထောက်ခံမှု ရထားတဲ့ moral authority ကို ဒီဘက် အုပ်ချုပ်ရေးအာဏာ ရထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အထွေထွေ သဟဇာတ ဖြစ်မှုဟာ ကျွန်တော်တို့ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး အတွက် အရေးကြီးတယ်။ ဒါ ကျွန်တော်တို့ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ပြောခဲ့တာပါ။"
ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ သုံးသပ်ရေး ရုံးခွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဆွေးနွေးကြတဲ့ အထဲမှာ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီနဲ့ ကိုအံဘွယ်ကျော်တို့လည်း ပါဝင်ကြပါတယ်။
ဒီအကြောင်း အသေးစိတ်ကို အဲဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |