အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်
2013.02.08

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ ဒေါက်တာကံဇော် က သီလဝါ အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေကိုတင်ပြရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး တင်ပြရာမှာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးဇုန်စီမံကိန်းမှာ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်လုပ်ကိုင်နိုင်အောင် မြန်မာနိုင်ငံသားများ ယာယီအကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ကို ရှေ့ဆက်ဖွဲ့စည်းသွားမယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
သီလဝါ အထူးစီပွားရေးဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တို့မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းဆောင်ရွက်မှုတွေကို စတင်လုပ်ကိုင်သွားမှာဖြစ်တဲ့အပြင် သီလဝါ အထူးစီးပွားရေးဇုန် နယ်နိမိတ်ကို ပြည်ထောင်စုအစိုးရက အမိန့်ကြေညာစာနဲ့ ထုတ်ပြန်သတ်မှတ်ပေးမှာဖြစ်ပြီး စီမံကိန်းအတွက် မြေဧက ၅၇၈၇ ဒသမ ၇၁၈ ဧက အသုံးပြုသွားမယ်လို့လဲ သိရပါတယ်။