ဝါးခယ်မ သခင်သိန်းဖေ နှစ် ၁ဝဝ ပြည့် မွေးနေ့ကျင်းပ


2016.06.09
thakhin-theinpe-620.jpg ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်နေ့က ဝါးခယ်မ သခင်သိန်းဖေရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပွဲ ကျင်းပစဉ်
Photo: Ko Ko Gyi Facebook

လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဒို့ဗမာအစည်းအရုံး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဝါးခယ်မ သခင်သိန်းဖေ ဟာ ဒီနေ့ အသက် ၁၀၀ ပြည့်ခဲ့ပြီး၊ မွေးနေ့ပွဲကို ရန်ကုန်မြို့က နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ညနေပြုလုပ်ခဲ့ပါတယ်။

သခင်သိန်းဖေ ကျန်းမာရေးကောင်းတဲ့အကြောင်း သားဖြစ်သူ ဦးမော်သိန်း က RFA ကိုပြောပါတယ်။

"မွေးနေ့ပွဲလုပ်ဖြစ်ပါတယ်၊ ခုလည်းကျနော်တို့ လုပ်နေတာပေါ့၊ ကျန်းမာရေးကတော့ ကောင်းတယ်၊ ကျနော်တို့ စင်မြင့်ပေါ်မှာ သူ့ကိုတင်ထားတယ်ပေ့ါ၊ ပြောတဲ့အစီအစဉ်ကတော့ အရင်ဆုံး အဘ ဦးတင်ဦး ပေါ့၊ ပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ နောက်ကိုကိုကြီး ပြီးတော့ ကိုဂျင်မီပြောနေပါတယ်"

သခင်သိန်းဖေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူဖြစ်သလို၊ စစ်အစိုးရခေတ်မှာလည်း ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို တည်ထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝန်းရံခဲ့သူဖြစ်ပါတယ်။

အခမ်းအနားကို NLD သဘာပတိ ဦးတင်ဦး၊ သခင်ချန်ထွန်း၊ ဦးအုန်းမောင်၊ နိုင်ငွေသိန်း အပါအဝင် နိုင်ငံရေးသမားကြီးတွေ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီး၊ ကိုဂျင်မီနဲ့ မျိုးဆက်အသီးသီးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း လူပုဂ္ဂိုလ် ၅ဝဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။