ရွှေ့ပြောင်းဈေးသည်တွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


2018.01.20
myanmar-market-selle-622 ထိုင်းနိုင်ငံ မဟာချိုင်မြို့က မြန်မာစားသောက်ဆိုင် တဆိုင်ကို တွေ့ရစဉ်
Photo: RFA

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဈေးရောင်းချနေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းဈေးရောင်းချသူတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံသား ၃၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

မဲဆောက်ဘက်က မြန်မာနိုင်ငံသားဈေးဆိုင်တွေနဲ့ မြဝတီဘက်က နေ့စဉ်လာရောက်ရောင်းချတဲ့ ခေါင်းရွက်ဈေး သည်တွေ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"မဲဆောက်တို့၊ မြဝတီတို့ ဟိုဘက်ဒီဘက် ကူးသန်းနေတဲ့ ခေါင်းရွက်ဗြက်ထိုးဈေးသည်တွေပေါ၊့ တော်တော် များများ အဖမ်းခံရတယ်၊ မြဝတီဘက်က ၁၀၀ လောက်ပါတယ်၊ မဲဆောက်ဘက်က ၂၀၀ လောက်ပါတယ်၊ ဒဏ်ကြေးပေါ့ တချို့ဒဏ်ကြေးမပေးနိုင်သူတွေကတော့ ရဲစခန်းအချုပ်ထဲမှာ နေရတာပေါ့"

ဖမ်းဆီးခံရသူတွေကို ဒဏ်ငွေအဖြစ် ထိုင်းငွေ ဘတ် နှစ်ထောင်ကနေ တစ်သိန်းအထိ ဒဏ်ရိုက်ပြီး ငွေဒဏ်ပေးဆောင်သူတွေကို နေ့ချင်းပြန်လွှတ်ပေးတယ်လို့ ပြောပါတယ်။

မဲဆောက်ဈေးမှာ မနေ့ညနေ ၅ နာရီလောက်က စတင်ဖမ်းဆီးနေတာဖြစ်ပြီး ဒီနေ့ထိ ဖမ်းဆီးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကန့်သတ်ထားတဲ့ လုပ်ငန်း ၃၉ မျိုးထဲမှာ ဈေးရောင်းချတာပါဝင်ပြီး ပြီးခဲ့တဲ့ တစ်ပတ်လောက်ထဲက ရနောင်း၊ ပတ္တရား၊ စူရတ်ဌာနေနဲ့ မဟာချိုင်မြို့တွေမှာ စတင်ဖမ်းဆီးနေတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။