မြန်မာနယ်စပ်မသွားဖို့ ထိုင်းအစိုးရ သတိပေး


2017.01.21
thai-tourist-620.jpg မြန်မာနယ်ခြားစောင့်တပ် BGF က ကရင်ပြည်နယ် ဘုရားသုံးဆူအနီးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ဖမ်းခဲ့ပြီး လွတ်မြောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့ရစဉ်
Photo: nationmultimedia.com

မြန်မာနယ်ခြားစောင့်တပ် BGF က ကမ္ဘာလှည့်ခရီးသည် ၃၇ ဦးကို ဖမ်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ နယ်စပ်အနီးကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက ကမ္ဘာလှည့်ခရီးသည်တွေကို သတိပေးလိုက်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို နယ်ခြားစောင့်တပ်က ကရင်ပြည်နယ် ဘုရားသုံးဆူအနီးမှာ စနေနေ့က ဖမ်းခဲ့တာဖြစ် ပြီး ဒါဟာသူတို့ထိန်းချုပ်ထားတဲ့ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းခဲ့ တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ကမ္ဘာလှည့်ခရီးသည်တွေ ကို ပြန်လွှတ်ပေးခဲ့ပေမယ့်  နောက်ထပ်အဖမ်းအဆီး ရှိနိုင်တာတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို နယ်စပ်ဘက်ကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းရဲ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့က မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်ကနေ ထိုင်း ကိုခေါ်လာတဲ့ အသက်၁၆၊ ၁၇ အရွယ် ပြည့်တန်ဆာ ၆ ဦးနဲ့ ခေါ်လာသူ ၂ ဦးကိုဖမ်းခဲ့ပြီးတဲ့နောက် BGF က လက်တုန့်ပြန်တာဖြစ်တယ်လို့ ဒီကနေ့ထုတ်The Nation သတင်းစာမှာ ရေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။