နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနှိမ်နင်းရေး မြန်မာ၊ ထိုင်းနဲ့ တရုတ် ဆွေးနွေးမည်

RFA Burmese
2025.02.24
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနှိမ်နင်းရေး မြန်မာ၊ ထိုင်းနဲ့ တရုတ် ဆွေးနွေးမည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က လာအိုနိုင်ငံတွင် ကျင်းပသည့် ၅၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးတက်ရောက်လာသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်။
Photo: AFP

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းရေးအတွက် မြန်မာ၊ ထိုင်းနဲ့ တရုတ် သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်‌ကြီး မာရစ် ဆင်ညမ်ဖုန် က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ အဲဒီဆွေးနွေးပွဲမှာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ရေရှည်မဟာဗျူဟာတွေ ချမှတ်နိုင်ရေး ဆွေးနွေးသွားမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ပြဿနာတွေကို ဖြေရှင်းရေးမှာ သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းမယ်လို့ ယုံကြည်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်‌ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ ရာဇ၀တ်မှုတွေ တိုက်ဖျက်ရေးကို တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်နေပြီး တရုတ်နိုင်ငံကိုလည်း ထိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေကို ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို အမြစ်ဖြတ်ရေးမှာ ကူညီဖို့ကိစ္စလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ကြီးကြပ်မှုအောက်မှာ နိုင်ငံအားလုံးနဲ့ အပြည့်အဝလက်တွဲလုပ်ဆောင်ဖို့ ထိုင်းဘက်က လမ်းဖွင့်ထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။