ကိုပြည့်ဖြိုးတေဇ အယူခံလွှာ အနိုင်ရ

ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူထားတာကို ဖယ်ရှားပေးဖို့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့ သားအကြီး ကိုပြည့်ဖြိုးတေဇရဲ့ အယူခံလွှာကို ဥရောပ သမဂ္ဂ တရားရုံးက နိုဝင်ဘာလ ၂၉ ရက်က အနိုင်ပေးလိုက်ပါတယ်။

2011.12.05
tay_za_air_bagan_305_z.png ပုဂ္ဂလိကပိုင် အဲယား ပုဂံကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇကို ၎င်း၏ လေကြောင်းလိုင်းအတွက် မှာယူထားပြီး ၂၀၀၇ ဇန်နဝါရီ ၂၂ ရက်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆိုက်ရောက်လာသည့် အဲယားဘတ်စ် A300-200 လေယာဉ်ကြီးရှေ့တွင် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေတဲ့ စစ်အစိုးရနဲ့ ရောထွေး ယှက်တင် ပါဝင် ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးတေဇနဲ့ မိသားစုကို ဥရောပ သမဂ္ဂ အီးယူက စီးပွားရေး ပိတ်ဆို့ အရေးယူထားပါတယ်။

ဒါကြောင့် ဦးတေဇနဲ့ မိသားစုဟာ အီးယူနိုင်ငံတွေမှာ ခရီးသွားခွင့်၊ ပညာသင်ယူခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒါပေမယ့် ဦးတေဇရဲ့ သားကြီး ကိုပြည့်ဖြိုးတေဇက သူ့ကို ပိတ်ဆို့ အရေးယူထားတာနဲ့ ပတ်သက်လို့ အီးယူ တရားရုံးမှာ အယူခံ တင်ခဲ့ပါတယ်။

အခုလို ကိုပြည့်ဖြိုးတေဇကို အနိုင်ပေးလိုက်တဲ့ အပေါ် အလွန်ပဲ စိတ်ပျက်မိတယ်လို့ ဗြိတိန် အခြေစိုက် UK Campaign for Burma ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

အမှုမှာ အနိုင်ရပေမယ့် ဦးတေဇတို့ မိသားစုဟာ အစိုးရ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ စီးပွားရေး အသိုင်းအဝိုင်းထဲက ဖြစ်တာကြောင့် မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ဝိုင်းဝန်း ကန့်ကွက်မှုကိုတော့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ Mr. Farmaner ကဆိုပါတယ်။

"တကယ်လို့ ကိုပြည့်ဖြိုးတေဇ ဥရောပနိုင်ငံတွေကို ရောက်လာတဲ့ သတင်း ကြားတာနဲ့ သူသွားမယ့် နေရာတွေကို လိုက်ပြီး ဆန္ဒပြ ကန့်ကွက်ကြမယ့် ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွတဲ့ မြန်မာတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်။ ကိုပြည့်ဖြိုးတေဇ အမှုကို တရားရုံးက အနိုင်ပေးလိုက်ပေမယ့် ကိုယ်ကျိူးရှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးရဲ့သားအနေနဲ့ ဥရောပမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်လို့ မယူဆသင့်ဘူး” လို့ Mark Farmaner က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ကိုပြည့်ဖြိုးတေဇ လျှောက်ထားတဲ့ အမှုကို ဥရောပ သမဂ္ဂ တရားရုံးက ပယ်ချခဲ့ပြီး တရားရုံး ကုန်ကျစရိတ် အားလုံး ဥရောပသမဂ္ဂ ကောင်စီကို ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

အဲဒီစီရင်ချက်ကို ကိုပြည့်ဖြိုးတေဇက အယူခံတင်ခဲ့ပြီး မိမိဟာ အရင် စစ်အစိုးရ အဖွဲ့ဝင် မဟုတ်သလို စစ်အစိုးရနဲ့လည်း ဆက်စပ်မှု မရှိကြောင်း ချေပခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ယန္တရားကနေ အကျိုးကျေးဇူး တစ်စုံတစ်ရာ မခံစားခဲ့ရကြောင်း ခုခံချေပ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-05 13:23

ပြည့်ဖြိုးတေဇ၏စစ်အဖွဲံ့နှင့်ဘာမှမပါတ်သက်ဟူသောအယူခံလွှာသည်လိမ်လည်မှုတခုသာဇြစ်သည်

Anonymous
2011-12-13 14:52

He is a lier.

Anonymous
2013-01-19 01:42

ဖြိုးတေဇရေ မင်းမိသားစုဆကြောင်း မင်းအသိဆုံးပါ အရှက်အကြောက်တရား ရှိကြပါကွာ။

Anonymous
2011-12-07 23:41

၎င်းအဖြစ်မှန်ကန်ရင် အနိုင်မပေးသင့်သေးပါ

Anonymous
2011-12-10 22:37

STUPID .
FATHER SHARE TO SON .
HOW CAN THEY CONTROL TAY ZAR AND HIS SON.

Anonymous
2011-12-13 14:52

He is lier.