ဦးရဲလွင်၊ မမီးမီးနဲ့ ကိုတင်မောင်ထွန်း တို့အတွက် ဂုဏ်ပြုရုပ်တုတွေ ထားရှိသွားမည်
2018.10.04

ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့က ဦးရဲလွင်၊ ၈၈ မျိုးဆက် ငြိမ်းပွင့်အဖွဲ့က မမီးမီးနဲ့ နာရေးကူညီမှု အသင်းရဲ့ လုပ်အားပေးဖြစ်တဲ့ ကိုတင်မောင်ထွန်း တို့ကို သိရပါတယ်။
"ဒီရုပ်တုလေးတွေကိုပေါ့နော်၊ သူ့ကိုစံနမူနာထားပြီးတော့ သူလုပ်ခဲ့တဲ့အလုပ်တွေအပေါ်မှာ သူဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှုတွေမှာ အားလုံးကဒီဟာအမှတ်တရ အမှတ်ရစရာ အတုယူစရာဖြစ်အောင် ဒီရုပ်တုလေးကို ထားပေးတယ်လို့ ကျမမှတ်ယူပါတယ်ရှင့်၊ ဦးရဲလွင် ဆိုလို့ရှိရင်လည်း တကယ့်ကို မေတ္တာအား အရမ်းကောင်းတဲ့ လူတစ်ယောက် ဖြစ်တယ်ပေါ့နော်၊ သူတတ်စွမ်းတဲ့သူ့ရဲ့ဂီတပညာနဲ့ တကယ်ကိုစစ်ဘေး၊ ရေဘေး၊ အကုန် လုံးပေါ့နော်၊ ကျမတို့နိုင်ငံရဲ့ ဒီအောင်နိုင်ရေးရာမှအစ နေရာဒေသမရွေး သူ့အသက်အရွယ်နဲ့မှ မလိုက်ပေါ့နော်၊ သူသွားခဲ့နေရာတွေ သူလုပ်ဆောင်ခဲ့တာတွေရှိတယ်၊ အဲအတွက်ဒီနာရေးကူညီမှုအသင်းကနေပြီးတော့ ဒါကိုမှတ်မှတ်ရရ ဒါကိုလုပ်ဆောင်ပေးတာကို ကျမတကယ်ကို ဝမ်းသာပါတယ်၊ ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေကို တလေးတစားတန်ဖိုးထားပြီး ပြောနိုင်ခဲ့တယ်ဆိုတာ ဒါကနေ့ဟာ ဒီရုပ်ထုလေးတွေ ပေါ်ထွက်လာတဲ့အခါမှာ ဒါပြယုဒ်ပဲပေါ့နော်။"
အများအကျိုးအတွက် ထမ်းရွက်ဆောင်ရွက်ခဲ့ကြတဲ့ သူတို့သုံးဦးရဲ့ လုပ်ရပ်တွေကို အတုယူနိုင်ဖို့ အခုလို ဂုဏ်ပြုရုပ်တုထားရှိသွားမှာဖြစ်တယ်လို့ သိရကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းက RFA ကို ပြောပါတယ်။
အခုလို ဂုဏ်ပြုခံရတဲ့သူတွေဟာ လူမူရေး၊ နိုင်ငံရေး၊ နယ်ပယ်တွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး နောင်လာနောက်သားတွေအတွက် အတူယူရမယ့်သူတွေ စံထားရမယ့်သူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီလို ဂုဏ်ပြုရုပ်တုထားရှိပွဲ အခမ်းအနားကို မနက်ဖြန် ကမ္ဘာ့ဆရာများနေ့မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းမှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။