SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ဝန်ကြီး ဦးအောင်မင်း တွေ့ဆုံဆွေးနွေး


2015.02.05
rcss-uaungmin-305.jpg RCSS/SSA ရှမ်းပြည်တပ်မတော်(တောင်ပိုင်းက ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Nyo Ohn Myint Facebook

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ RCSS/SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပူးပေါင်းတည်ဆောက် ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့၊ ဆွေးနွေးပွဲ မူဘောင်ကို ပူးပေါင်းရေးဆွဲဖို့၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားသွားဖို့၊ ဒီကိစ္စတွေအတွက် တပ်မတော်နဲ့ ပူးတွဲဆောင်ရွက်ဖို့ စတဲ့သဘောတူညီချက် ၅ ချက်ကို လာမယ့်ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးခဲ့တယ်လို့ RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင် က ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ စုစည်းထားတဲ့ NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် ချင်းမိုင်မြို့ကနေ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။