တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေ ပြန်လွှတ်

2021.03.17
တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေ ပြန်လွှတ် နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ အဝင်ဝကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နဲ့ အဖွဲ့ခွဲက ဖမ်းဆီးခံထားရသူတွေကို ဒီနေ့မနက်က အကုန် ပြန်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေအားလုံးကို ပြန်လွတ်ပေးလိုက်တာလို့ စစ်ကိုင်းတိုင်း UEC ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အတည်ပြုပြောပါတယ်။

ဖမ်းဆီးထားစဉ်မှာ မဲစာရင်းကိစ္စ စစ်ဆေးတာတွေရှိပေမယ့် ပြန်လွှတ်တဲ့အခါ တစ်စုံတစ်ရာ ဝန်ခံချက် ပေးရတာ လက်မှတ်ထိုးရတာမရှိဘူးလို့ ဆိုပါတယ်။

UEC ကော်မရှင်အဖွဲ့ဝင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဝန်းကျင်က စတင် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။