Red Link နဲ့ ဝန်ကြီးဟောင်း ဦးသိန်းထွန်းတို့ကြား ပတ်သက်မှုမရှိ
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် ဆက်သွယ်ရေး အရာရှိ အတော်များများကို အဂတိ လိုက်စားမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က နေပြည်တော်မှာ စစ်ဆေးနေတဲ့ အပြင်၊တရုတ်နိုင်ငံ အခြေစိုက် Huawei နဲ့ ZTE တို့နဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့အကြား ဆောင်ရွက်တဲ့ စီမံကိန်းတွေမှာ ပါဝင်တဲ့ ကုမ္ပဏီတချို့က တာဝန်ရှိသူတွေ ကိုလည်း ခေါ်ယူစစ်ဆေးမှုတွေ ရှိနေပါတယ်။
RedLink ကုမ္ပဏီရဲ့အကြီးအကဲ ဦးတိုးနိုင်မန်းကတော့ သူ့အပေါ် ပြောဆိုကြတဲ့ စွပ်စွဲချက်တွေ မမှန်ကန်ဘူးလို့ တုံ့ပြန် ပြောဆိုပါတယ်။
ဦးတိုးနိုင်မန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |