ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်ကို အသိအမှတ်မပြု
2016.09.14

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ကို အသိအမှတ်မပြုကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ကိုယ်စား လှယ်တွေက အဆိုကို ထောက်ခံတင်ပြရာမှာ အစိုးရအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုတည်ဆောက် မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ ရပ်တည်ဖို့လိုအပ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီကော်မရှင်ဟာ ရခိုင်အပါအဝင် တိုင်းရင်းသား၊ နိုင်ငံသားတွေရဲ့ သဘောတူညီချက်ကို ရယူဖွဲ့စည်းခဲ့တာ မဟုတ်တဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်မယ့်သူဟာ နိုင်ငံခြားသား မဖြစ်သင့်ဘဲ တိုင်းရင်းသားတွေ ထဲကသာဖြစ်သင့်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့အဆိုကြောင့် ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံဉာဏ်တွေကို ရယူနိုင်တော့မှာ မဟုတ်တော့ဘူးလို့ အဆိုတင် သွင်းခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောပါတယ်။