၁၉၅၀ ခု အရေးပေါ် အက်ဥပဒေ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်


2015.05.20
u-win-myint-305.jpg ပြည်သူ့လွှတ်တော်မှာ မေလ ၂ဝ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဦးဝင်မြင့် အဆိုတင်သွင်းနေစဉ်
Photo: Win Naung Toe, Win Ko Latt/RFA

နိုင်ငံရေးသမားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံခန့်ခွဲမှု အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းရာ ကန့်ကွက်သူများတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီဥပဒေကို လက်နက်သဖွယ်အသုံးပြုပြီး နိုင်ငံရေး သမားတွေကို ဖိနှိပ်တာတွေ မရှိသင့်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က တင်ပြခဲ့ပါ တယ်။

"တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေမကျရောက် ဘဲ နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ အင်အားစု များ၊ ပြည်သူပြည်သားများ ဖိနှိပ်ချုပ်ချယ်ပြီး၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချခြင်း စသည်တို့ကို လက်နက်သဖွယ် အသုံးချနေတာမဖြစ်သင့်ပါ၊ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်နေချိန်တွင် ခေတ်နှင့်ဆီလျော်မှု မရှိသော နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ပယ်ဖျက်သင့်ပါတယ်"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အဲဒီ့အဆိုကို ထောက်ခံခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့် နဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစတီဗင် တို့က ကန့်ကွက် ခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၂၆၅ မဲနဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အဲဒီ့ဥပဒေကို ပယ်ဖျက်ပေးဖို့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တစ်ကြိမ် တင်ပြခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။  ဒီအကြိမ် မှာတော့ သူက ပုဒ်မတချို့ကိုသာ ပြင်ဆင်ပေးဖို့ တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။