ဗစ်တိုးရီးယားကိစ္စ အရေးယူဆောင်ရွက်ဖို့ သမ္မတညွှန်ကြား
2020.02.21
ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းပြီးနောက် လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ တာဝန်မကျေပွန်ခဲ့သူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
နေပြည်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကျဉ်းချုပ်ကို RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။