လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဥပဒေကြမ်း အတည်ပြုရေး ဆိုင်းငံ့


2015.07.23
parliament-pyitaungsu-620 ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်မယ့်ကိစ္စတွေကို ရှောင်ကြဉ်ဖို့လိုအပ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြုရေးကို ပြည်ထောင်စု လွှတ်တော်က ရွှေ့ဆိုင်းထားလိုက်ပါတယ်။

တာဝန်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပြီးနောက်မှာ ဆက်လက်ဆောင် ရွက်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောပါတယ်။

"ယခုလို၂ဝ၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ အဆင်ပြေစွာကျင်းပနိုင်ရေးကို အဓိက ထား ဦးတည်ဆောင်ရွက်ကြရမယ့် အချိန်ကာလမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေမယ့် ကိစ္စရပ်များကို အတက်နိုင်ဆုံး ရှောင်ကြဉ်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ သုံးသပ်ကြပါတယ်၊ ဒါကြောင့် ဆောင် ရွက်ဆဲ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ဆွေးနွေးမှုအရ ထွက်ပေါ်လာတဲ့အစီရင်ခံစာကို လွှတ်တော်သို့ထပ်မံတင်ပြ ကာ အဲ့ဒီအစီရင်ခံစာအပေါ် လွတ်တော်ရဲ့ဆုံးဖြတ်ချက်ရယူပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပါတယ်"

အဲ့ဒီဥပဒေကြမ်းပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုပ်သိမ်းခြင်းနဲ့ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲနေတာဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံသားတစ်ဦးက တိုင်ကြားရင်စစ်ဆေးပေးဖို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက သဘောထားပေးထားကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ မဲဆန္ဒရှင် ၁ဝ ဦးရဲ့ လက်မှတ်နဲ့ တိုင်တန်းရမယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ မဲဆန္ဒရှင် ၁ဝဝ ခိုင်နှုန်းက တာဝန်ကနေ ရုပ်သိမ်းပေးဖို့ တိုင်ကြားရင် စစ်ဆေးပေးရမှာဖြစ်ကြောင်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။