ပုဏ္ဏားကျွန်းစီမံကိန်း ပြည်နယ် လွှတ်တော် ဆွေးနွေးမယ်

2016.08.09
aungthantin-620.jpg ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင် က သြဂုတ်လ ၉ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးဖြစ်လာမယ့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

အဆိုကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က တင်သွင်းခဲ့ တာဖြစ်ပါတယ်။

"ဒီလိုစက်မှုဇုန်တစ်ခုအတွက် အခြေခံအဆောက်အဦးများဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေကန်အသင့် ကြာအသင့်ဆိုသလို တည်ရှိထားပြီဖြစ်တဲ့အတွက် စက်မှုဇုန်ကို အခြားဒေသများရှိ စက်မှုဇုန်များကဲ့သို့  အမြန်ဆုံးအကောင်အထည်ဖော်ဖို့အဆိုကို တင်သွင်း ရခြင်းဖြစ်ပါတယ်"

မြေဧက ၁၈၀၀ မှာ အကောင်အထည်ဖေါ်မယ့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို ပြီးခဲ့တဲ့အစိုးရ လက်ထက်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ဆောင်ရွက်ရမယ့် စီမံကိန်းဖြစ်ပါတယ်။

ဒီနေ့ လွှတ်တော်မှာပဲ ရခိုင်ပြည်နယ်မှာ အရင်အစိုးရလက်ထက်က သိမ်းယူပြီး အသုံးချမှုမရှိခဲ့တဲ့ မြေယာတွေ အတွက် လျော်ကြေးငွေရရှိအောင်အကူအညီပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၃ ဦးဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။