ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်ထောင်က ပြန်လွတ်

RFA Burmese
2024.11.14
ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်ထောင်က ပြန်လွတ် လွတ်ရက်စေ့သွားသဖြင့် အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသည့် ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ နေ့က တွေ့ရစဥ်။
Citizen Photo

စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားတဲ့ ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်းဟာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့မှာ လွတ်ရက်စေ့ပြီး အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။

သူ့ကို ဆန္ဒပြပွဲတွေမှာ ပါဝင်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှာ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ကနဲ့ ထောင်သုံးနှစ် ချမှတ်ခဲ့တာပါ။ အဲဒီနောက် ချုပ်ရက်၊ လျှော့ရက် ခံစားခွင့်တွေနဲ့ နှစ်နှစ်ကျော်အတွင်း ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

အကျဥ်းထောင်ထဲ ကျန်နေသေးတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်တယ်လို့ ကိုကျော်စွာထွန်းက RFA ကို ပြောပါတယ်။

“ကျွန်တော် ဒီနေ့ပဲ လွတ်ရက်စေ့လို့ ပြန်လွတ်မြောက်လာတာပါ။ လုပ်ဖော်ကိုင်ဖက်တွေအားလုံးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးကိုလည်း လွတ်မြောက်စေချင်ပါတယ်”

အာဏာသိမ်းကာလအတွင်း အနည်းဆုံး သတင်းသမား ၁၅၀ ခန့် ဖမ်းဆီးထောင်ချခံခဲ့ရပြီး အဲဒီအထဲက ၆၄ ဦးဟာ ဆက်လက် ဖမ်းဆီးခံထားရဆဲပဲလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ အောက်တိုဘာအတွင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RSF ရဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ က ရပ်တည်နေပြီး တရုတ်နိုင်ငံပြီးနောက် သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုအများဆုံး ဒုတိယနိုင်ငံလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။