အမေ့အိမ် စာသင်ကျောင်း တကျောင်း ထပ်မံဖွင့်လှစ်

ရပ်ကွက် အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပြီး အမေ့အိမ် စာသင်ကျောင်း တကျောင်းကို ဒေါပုံမြို့နယ်အတွင်း ဒီကနေ့ ဖွင့်လှစ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

2011.07.27
school-pre-martyrs-day-305 ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ် ပညာဒါနကျောင်းတွင် ကျင်းပစဉ်။ (Photo: nldburma.org)
www.nldburma.org

ဒီကနေ့ မနက်ပိုင်းက ဒေါပုံမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ လူငယ်ကွန်ယက်အဖွဲ့ တို့ ပူးပေါင်းပြီး ဒေါပုံမြို့နယ် ဆင်မလိုက် သင်္ဘောကျင်းအနီးမှာ အမေ့အိမ် စာသင်ကျောင်းတခုကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ အဆိုတော်တွေလည်း ပါဝင်ကူညီခဲ့တယ်လို့ အဆိုတော် ကိုရဲလွင်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဖွင့်ပွဲကို သွားပြီးတော့ ကူညီတာပါပဲ။ သူတို့က ဖဲကြိုးဖြတ်ပြီး ဖွင့်ကြပါတယ်။ ကိုဖြိုးမင်းသိန်းလည်း ပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ အဲဒီပွဲကို မျက်နှာသွားပြတယ်။ သီချင်းလေးတွေဆိုကြတယ်။ ကိုသားထွေးပါတယ်။ ကိုတိုးမြင့်ပါတယ်။ ညီညီလွင်ပါတယ်”

ဒေါပုံမြို့နယ်အတွင်း ကျောင်းဖွင့်လှစ်ဖို့ စတင် ဆောက်လုပ်ချိန်မှာ အာဏာပိုင်တွေက မေးမြန်း တာတွေ လုပ်ခဲ့ပေမဲ့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တာကြောင့် ကျောင်းဖွင့်ခွင့် ရတာဖြစ်တယ်လို့ လူငယ် ကွန်ယက်တာဝန်ခံ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီကျောင်းမှာ ရပ်ကွက်တွင်း နေထိုင်တဲ့ သူငယ်တန်းကစပြီး ဒဿမတန်းအထိ ကျောင်းသား ကျောင်းသူတွေကို စေတနာ့ဝန်ထမ်း ဆရာ ဆရာမတွေက အခမဲ့သင်ကြား ပေးမှာဖြစ်ပါတယ်။ အခုဖွင့်လှစ်တဲ့ ကျောင်းမှာ တက်ရောက်ဖို့ ကျောင်းသူကျောင်းသား ၅၀ကျော် စာရင်းပေးထားပြီးပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-27 06:34

How can I send some book for Daw Su Library?
Can they get it when I send from post office?