မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးဆက်ဆံမှု ပါဝင်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်

မြောက်ကိုရီးယားက မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။

2012.06.29
shwe_mann_n_korea_sign_305_Z.jpg မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်တွင် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ထိုင်နေသူ၊ ဝဲ) နှင့် မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျုပ်ဆစ် (ထိုင်နေသူ၊ ယာ) တို့ ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့လကတည်းက လုံခြုံရေးကောင်စီကို တင်သွင်းခဲ့တာ ဖြစ်ပေမဲ့ တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် တစ်လနောက်ကျပြီးမှ ထုတ်ပြန်ခဲ့ရတာပါ။

အဲဒီ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး ဆီးရီးယားနဲ့မြန်မာနိုင်ငံကို လက်နက် ရောင်းချခဲ့ရာမှာ အဲဒီ မြောက်ကိုရီးယား လက်နက်တွေဟာ တရုတ်ပြည်ကတဆင့် ဆိုင်ရာနိုင်ငံတွေကို သွားကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားဆိုင်ရာ ပိတ်ဆို့ အရေးယူရေး ကော်မတီက ပြုစုတင်ပြခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ စာမျက်နှာ (၇၄) မျက်နှာ ပါဝင်ပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်ဖို့ တရုတ်က ကန်ကွက်ခဲ့ပေမဲ့ အခုနောက်ဆုံး တရုတ်အစိုးရက သဘောတူခဲ့တဲ့အတွက် မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း ကုလသမဂ္ဂ သံတမန်တစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။