ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန် လည်ပြုလုပ်ဖို့ တိုက်တွန်း
2014.11.30

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၂ လနီးပါး ရပ်တန့်နေတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးကြဖို့ တိုက်တွန်းစာတစ်စောင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ကျင်းပတဲ့ NCCT အစည်းအဝေးခေါင်းဆောင်တွေထံ မြန်မာနိုင်ငံက အရပ်ဖက်လူမှှု အဖွဲ့အစည်းတွေက သွားရောက်ပေး ပို့ခဲ့ပါတယ်။
NCCT ခေါင်းဆောင်တွေ အစည်းအဝေးစတင်ချိန်မှာ ရန်ကုန်မြို့အခြေစိုက် CSFOP အရပ်ဖက်လူမှှုအဖွဲ့ အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်တွေနဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးခေါင်းဆောင်တွေ တစ် နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ဖို့ တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး လူမှှုအဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီအဖွဲ့ဝင် ဆလိုင်း အိုက်ဇက်ခင် က အခုလိုပြောပါတယ်။
"UPWC နဲ့ NCCT ကြား တွေ့ဆုံဆွေးနွေးမှှု ထပ်မံမဖြစ်မှာကို ကျနော်တို့ တော်တော်လေး စိုးရိမ်ပါတယ်၊ ကျနော်တို့ အနေနဲ့ကတော့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှှုကို ရပ်တန့်မသွားစေချင်ဘူး၊ အခြေအနေတော့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်၊ စိတ်မကောင်းစရာတွေ အများကြီးရှိလိမ့်မယ်၊ သို့သော် အဲ့ဒီ အနေအထားမှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးလိုက်ခြင်းက မလိုလားအပ်တဲ့ အမုန်းတရားပေါ့နော်၊ တင်းမာမှှုတွေ လျှော့ချနိုင်မယ်လို့ ကျနော်တို့ အောက်မေ့တယ်၊ နောင် လည်း ဆွေးနွေးရမှာပဲ၊ အခုလည်း ဆွေးနွေးရမှာပဲ ဆိုတော့ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စကတော့ ကျနော်တို့ ဖယ်ထားလို့ မရဘူး"
CSFOP ငြိမ်းချမ်းရေး ဖိုရမ်အဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် သောကြာနေ့ကလည်း နေပြည်တော်ကို သွားရောက်ပြီး လွတ်တော်ပိုင်းက UPWC ဒုဥက္ကဌ ဦးသိန်းဇော်၊ အစိုးရပိုင်းက ဝန်ကြီး ဦးအောင်မင်းနဲ့ တပ်မတော်ပိုင်းက UPWC ဒုဥက္ကဌ ဒုတိယ ဗိုလ်ချူပ်မှူးကြီး စိုးဝင်းတို့ထံကို ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ တိုက်တွန်းတဲ့စာတွေ ပေးအပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
အရပ်ဖက်လူမှှုအဖွဲ့အစည်းတွေရဲ့ ဒီနေ့ တင်ပြလာမှှုအပေါ် NCCT ခေါင်းဆောင်တွေအနေနဲ့ အခုဆွေးနွေးပွဲမှာ အစီအစဉ်တစ်ရပ်အနေနဲ့ အလေးအနက်ထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ နှစ်ရက်ကြာ ကျင်းပမည့် ဒီအစည်းအဝေးမှာ UPWC နဲ့ ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်မယ့် နည်းလမ်းတွေ အဖြေရှာ သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။