NCA ပြင်ဖို့ လက်မခံဘူးလို့ တပ်မတော်ပြော


2017.04.24
nca-conference-620.jpg တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပစဉ်
Photo: Win Naung Toe/ RFA

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာပါတဲ့ အချက်တွေကို ပြင်ဆင်ဖ့ို လက်မ ခံကြောင်းနဲ့ လက်မှတ်မထိုးရသေးတဲ့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ပါတဲ့ အချက်တွေအတိုင်း လိုက်နာကြဖို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးအပြီးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောမတူတာတွေကို ရန်မဖြစ်ပဲနဲ့ တင်ပြဆွေးနွေးလာနိုင်တာဟာ တိုးတက်မှုတစ်ခုလို့မြင်ကြောင်းနဲ့ ကိုယ်လိုချင်တာရမှဆိုတဲ့ စိတ်ဓာတ်တွေလည်း ပြောင်းလဲလာတယ်လို့ မြင်မိကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးမှာ စိန်ခေါ်မှုတွေရှိပေမယ့် ငြိမ်းချမ်းရေး ကို အောင်မြင်အောင် ဆက်လက်လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ဒီကနေ့ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ တက်ရောက် ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။