ဝန်ကြီး ဦးနေမျိုးကျော် ကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်း


2017.12.08
naymyokyaw-622.jpg ပါတီတာဝန်တွေကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် ကို တွေ့ရစဉ်
Photo: RFA

မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် ကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်တယ်လို့ NLD ပါတီရဲ့ တိုင်ကြားစာ စိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

ပါတီကပေးအပ်ထားတဲ့ အဆင့်မြင့်တာဝန်တွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပါတီကနေ ထုတ်ပယ်လိုက်တာ မဟုတ်တဲ့အတွက် ပါတီဝင်အဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့် က RFA ကို ပြောပါတယ်။

"ပါတီတာဝန်တွေ ရပ်ဆိုင်းလိုက်တာပါ။ ပါတီတာဝန်တွေ ရပ်ဆိုင်းတယ်ဆိုတာ အဆင့်မြင့်တာဝန်တွေ ကို ပြောတာပါ။ ပါတီဝင်အဖြစ်က ဆက်ရှိနေမှာပါ။ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တယ်ဆိုပြီး သီးသန့်မဟုတ်ပါဘူး"

ဘာကြောင့် တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတာ ပါတီအတွင်းရေးကိစ္စဖြစ်တဲ့အတွက် ထုတ်ဖော်ပြော ကြားနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီး ဦးနေမျိုးကျော် ကို ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ယောက်နဲ့ လူမှုရေးဖောက်ပြန်တယ်ဆိုပြီး အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက စွပ်စွဲမှုတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ ဝန်ကြီးနဲ့ဇနီးဖြစ်သူက သတင်းစာရှင်းလင်းပွဲကျင်းပပြီး တုံ့ပြန်ပြောကြားခဲ့ကြပါတယ်။

အဲဒီကိစ္စမှာ လူမှုရေးဖောက်ပြန်ခံရသူက ပါတီဗဟိုကို တိုင်ကြားထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ပါတီတာဝန်တွေကနေ အခုလို ရပ်ဆိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးနေမျိုးကျော်ဟာ အရင်က မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။