ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု ဦးမြင့်ဆွေဆိုသူကို ဖမ်းဆီး
2017.02.02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့စေခိုင်းခဲ့သူလို့ဆိုတဲ့ ဦးမြင့်ဆွေကို ရဲတွေက ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။
ဦးမြင့်ဆွေကို ကရင်ပြည်နယ်တောင်ပိုင်းက ထိုင်းနယ်စပ်နားမှာ တနင်္လာနေ့က ဖမ်းဆီးမိခဲ့တာလို့ AP သတင်းက ဆိုပါတယ်။
သူဟာ ဦးကိုနီကိုသတ်ဖို့အတွက် ဦးကြည်လင်းကို ငှားရမ်းစေခိုင်းခဲ့သူလို့ အာဏာပိုင်တွေက စွပ်စွဲထားသူဖြစ် ပါတယ်။
ဦးကိုနီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံက လေ့လာရေးခရီးစဉ် တခုကအပြန် ရန်ကုန်လေဆိပ် မှာ သေနတ် နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။
ဦးမြင့်ဆွေကို ကနဦးစစ်ဆေးချက်အရ သူက တိုင်းပြည်တည်ငြိမ်အေးချမ်းစေရေးအတွက် ရည်ရွယ်ပြီး ဦးကိုနီကို သတ်ခဲ့တာလို့ဆိုပါတယ်။