မြန်မာကပေးရမယ့် ကြွေးမြီ ဒေါ်လာ ၅၈၅ သန်း နော်ဝေးနိုင်ငံ အစိုးရက လျော်ပစ်

မြန်မာနိုင်ငံရဲ့ စတုတ္ထအကြီးဆုံး မြီရှင်နိုင်ငံဖြစ်တဲ့ နော်ဝေးနိုင်ငံ က မြန်မာနိုင်ငံက သူ့ကိုပေးဖို့ ရှိတဲ့ ကြွေးမြီအားလုံးကို လျော်ပစ်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

2013.02.01

မြန်မာနိုင်ငံက နော်ဝေးနိုင်ငံကို စုစုပေါင်းကြွေးမြီ အမေရိကန်ဒေါ်လာ ၅၈၅ သန်းကျော် ပေးဖို့ရှိပြီး ကြွေးမြီအားလုံးဟာ  နော်ဝေးသင်္ဘောကုမ္ပဏီက တဆင့်ပေးရမှာဖြစ်ပါတယ်။

အခုလို ကြွေးမြီတွေ လျော်ပစ်လိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်တဲ့ အကြီးမားဆုံး လက်ဆောင်တစ်ခုဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံစလုံးအတွက် သမိုင်းဝင်မှတ်တမ်းတစ်ခုလို့ ဆိုရမှာဖြစ်ကြောင်း နော်ဝေး နိုင်ငံတကာဖွံ့ဖြိုးမှု တိုးတက်ရေး ဝန်ကြီး Holmas က ပြောပါတယ်။

နော်ဝေးအစိုးရဟာ ၁၉၇၆ ခုနှစ် ကနေ ၁၉၈၀ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံကို သင်္ဘော ၁၅၆ စင်းနဲ့ စက်ပစ္စည်းတွေကို အကြွေးရောင်းချ ပေးခဲ့ပါတယ်။

အဲဒီနောက် အကြွေးပြန်မဆပ်နိုင်ကြတဲ့ နိုင်ငံတွေကို  နော်ဝေးအစိုးရက ၂၀၀၇ ခုနှစ်ကစတင်ပြီး  ဒီကြွေးမြီလျော်ပစ်တဲ့အစီအစဉ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။