အီဂျစ်က မြန်မာသံရုံး ပေါက်ကွဲမှု Hassm အကြမ်းဖက်အဖွဲ့ လက်ချက်ဖြစ်


2017.10.01
egypt-myanmar-embassy-622.jpg အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မြန်မာသံရုံးဝက်ဘ်ဆိုဒ်ပုံ
Photo: http://www.mecairo.org

အီဂျစ်နိုင်ငံ မြန်မာသံရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ Hassm ခေါ် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

ကိုင်ရိုမြို့က မြန်မာသံရုံးမှာ ပြီးခဲ့တဲ့စနေနေ့က အသေးစားပေါက်ကွဲမှု တရပ် ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပြီးစ မှာ ဒေသခံတွေနဲ့ သတင်းမီဒီယာတွေက ဓါတ်ငွေ့ပိုက်လိုင်းချို့ယွင်းချက်ကြောင့်လို့ ယူဆ ဖေါ်ပြခဲ့ကြပါတယ်။

ဒါပေမဲ အီဂျစ်လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်နှစ်ခုကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ ဖေါက်ခွဲခဲ့တဲ့ သဲလွန်စတွေ တွေ့ရှိခဲ့ရတယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

မနေ့ကတော့ အီဂျစ်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Hassm အဖွဲ့က ပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အသတ်ခံနေရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မိမိတို့တသားတည်းဖြစ်ကြောင်း ပြ သတဲ့အနေနဲ့ သတိပေးလိုက်တာဖြစ်ကြောင်း၊ ဒါဟာ ဘယ်သူ့ကို မထိခိုက်သေးတဲ့ သတိပေးအဆင့်ဖြစ်ပေမယ့် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေမရပ်ရင်တော့ ဒီထက်ပြင်းထန်တဲ့ တုန့်ပြန်မှုကို တွေ့မြင်ရမှာဖြစ်ကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုင်ရိုမြို့ မြန်မာသံရုံးကို RFA က မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

Hassm အကြမ်းဖက်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ ကိုင်ရိုမြို့ဝန်းကျင်မှာ တရားသူကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အခုလို သံရုံးလို အရပ်ဘက်ဝန်ထမ်းတွေကို တိုက်ခိုက်တာဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။