၂၁ ရာစု ပင်လုံညီလာခံ မန္တလေး ထောက်ခံ


2016.08.05
mdy-21panglong-620.jpg ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို မန္တလေးမြို့မှာ သြဂုတ်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/RFA

ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲကို မန္တလေးမြို့ ၆၂ လမ်းက မနော်ယမန် လူထုဟစ်တိုင်ကွင်းမှာ ဒီနေ့ညနေ ၅ နာရီက ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ NLD မန္တလေးတိုင်းအဖွဲ့တွေ၊ ကျောင်းသားပြည်သူတွေ၊ စာပေနယ်ကပုဂ္ဂိုလ်တွေနဲ့ ပန်းရဲ့လမ်းတေး ဂီတအဖွဲ့တို့ ပါဝင်တယ်လို့ သတင်းစာဆရာ မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

"အဓိကတော့ ၂၁ ရာစု ပင်လုံညီလာခံအတွက် လှုံ့ဆော်တဲ့သဘောပေါ့၊ အဲ့ဒါက သူတို့က မနော်ရဟီ ၅၄ လမ်းကနေပြီးတော့ ချီတက်ပြီးတော့မှ သပိတ်ကျင်းဘက်က ဒေသခံတချို့လည်းပါတယ်၊ မနော်ယမန် ကွင်းကိုချီတက်လာတယ်၊ ဒီမှာတော့ ကျနော်တို့ စာသင်ကျောင်းတွေ၊ ရပ်ကွက်တွေ တချို့တွေ၊ နောက် အဖွဲ့အစည်းတချို့တွေ၊ တိုင်းရင်းသား လူမျိုးစုတွေပေါ့ဗျာ၊ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ကွင်းထဲမှာ အသီးသီးရောက်လာတယ်၊ တိုင်းရင်းသားပေါင်းစုံရဲ့ အလံတွေလည်းလွှင့်ထူထားတယ်၊ နောက် ငြိမ်းချမ်းရေးအထိမ်းအမှတ် အပြာရောင်အလံတွေနဲ့ အပြာရောင်နဖူးစည်းတွေ၊ အပြာရောင် စတေကာတွေ နောက် ရှေ့မှာလည်းပဲ ပင်လုံညီလာခံ ထောက်ခံကြိုဆိုတဲ့၊ လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုတွေလည်းရှိတယ်၊ နောက် စတေကာတွေ ကပ်ပြီးတော့မှ ကားတွေမှာ၊ ဆိုင်ကယ်တွေမှာ၊ လူတွေမှာ ရင်ဘက်တွေမှာ ကပ်ပြီးတော့မှ လှုံ့ဆော်တာတွေရှိတယ်၊ နောက် ငြိမ်းချမ်းရေးသင်္ကေတတွေ၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် မိုးပျံပူပေါင်းတွေ ထောင်ချီပြီးလွှတ်တင်ပြီးတော့မှ ထောက်ခံရေး ကြွေးကြော် သံတွေနဲ့ပေါ့ဖွင့်တယ်၊ အဖွင့်စကားမှာတော့ မန္တလေး မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ NLD ရဲ့ နာယက ဦးသိန်းတန် ကနေပြီးတော့မှ အဖွင့်စကားပြောတယ်"

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲကို မန္တလေးမြို့မှာ ၉ ရက်ဆက်တိုက်ပြုလုပ်နေပြီး၊ ဒီနေ့ပွဲမှာ လူအင်အား ၅ ရာလောက် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။