အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲ မန္တလေးမှာကျင်းပ
2017.09.26

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် အကြမ်းဖက်မှုတွေနဲ့ ရခိုင်အရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ ဟောပြောပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အစိုးရအနေနဲ့ မျိုးချစ်စိတ်ဓာတ်ကို မချိုးနှိမ်ဖို့ တောင်းဆိုကြောင်း ဦးဆောင်ဟောပြောသူတစ်ဦးဖြစ်တဲ့ ဦးအေးပိုင် က ပြောပါတယ်။
ဟောပြောပွဲကို ဆရာတော်ဦးဝီရသူ တက်ရောက်ခဲ့ပေမယ့် ဟောပြောမှု မပြုခဲ့ပါဘူး။ အဲဒီပွဲကို အမျိုးသားရေးအင်အားစုအဖွဲ့တွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး မန္တလေးတိုင်းအတွင်းက အဖွဲ့ဝင် ၃၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ သံဃာတချို့ကလည်း နိုင်ငံတကာဖိအားကို ခံနေရတဲ့ အစိုးရကို ဝန်းရံဖို့အတွက် ဒီဟောပြောပွဲမှာ ပါဝင်တာဖြစ်တယ်လို့ မိန့်ပါတယ်။
တက်ရောက်လာသူတွေက ရခိုင်ပြည်ကိုကာကွယ်ကြပါ၊ အစွန်းရောက်အကြမ်းဖက်တွေကို တိုက်ခိုက်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ထောက်ခံပါသည်၊ မီဒီယာများ မျှတမှုရှိကြပါ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် အသက်သွေးကြောဖြစ်သည် စတဲ့ ပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။