မအူပင် တိုင်းလွှတ်တော် ၂ ဦးအပါအဝင် ၁၆ ဦး အမှုဖွင့်ခံရ


2016.10.28
maubin-620.JPG မအူပင်မြို့အဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ်
Photo: RFA

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ခွဲဝေချထားမှုမှာ မရိုးမဖြောင့်လုပ်ကိုင်တယ်ဆိုပြီး ဧရာဝတီတိုင်းဒေ သကြီး မအူပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မြို့နယ် NLD ပါတီခေါင်းဆောင်ပိုင်းတချို့ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင် ၁၆ ဦးကို ကညင်ဝကျေးရွာအုပ်ချုပ်ရေးမှူးက မအူပင်မြို့မရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ကညင်ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မျိုး လာရောက်တိုင်ကြားချက်အပေါ် အမှုဖွင့်ဆောင်ရွက်နေတယ်လို့ မအူပင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သိန်းနိုင်အေး က ပြောပါတယ်။

"ဦးတင်မျိုးကနေ တရားလိုလုပ် တိုင်တယ်၊ မအူပင်မြို့မရဲစခန်း ပ (၄၄၄/၂၀၁၆) ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၅၀၆၊ ၅၀၀၊ ၁၁၄ အဲ့ဒါနဲ့အမှုဖွင့်ထားပါတယ်။ အမှုကတော့ စစ်ဆေးဆဲပါ" လို့ ပြောတာဖြစ်ပါတယ်။

ဒေသဖွံဖြိုးရေး ရန်ပုံငွေခွဲဝေရာမှာ ဥပဒေကိုလိုက်နာမှုမရှိဘဲ ခြိမ်းခြောက် အာဏာပြတယ်ဆိုပြီး ကညင်၀ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၅၀၀ အသရေဖျက်မှု၊ ပုဒ်မ ၅၀၆ ရာဇဝတ်မကင်းသော ခြိမ်းခြောက်မှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှုတွေနဲ့ ကညင်၀ ကျေး ရွာအုပ်ချုပ်ရေမှူးက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မအူပင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇော်မိုး၊ အမှတ် ၂ ကိုယ်စားလှယ် ဦးသက်ကိုလေးနဲ့ မြို့နယ် NLD ပါတီ ဥက္ကဌ ဦးမောင်မောင်၊ အလုပ်အမှုဆောင် ဦးဌေးဦး၊ ကညင်ဝကျေးရွာအုပ်စု အညာစုကျေးရွာက ၁၀ ဦး၊ အလန်းကြီးကျေးရွာနဲ့ ကနူးကျေးရွာက အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၆ ဦးကို အမှုဖွင့် လိုက်တာဖြစ်ပါတယ်။

ကညင်ဝကျေးရွာမှာ ကွန်ကရစ်လမ်းခင်းဖို့ ချထားပေးမယ့် ငွေကျပ် ၂၅ သိန်းကို မချပေးတော့ဘဲ ကညင်ဝကျေးရွာ အုပ်စု အညာစုကျေးရွာ တံတားပြင်ဖို့ လွှဲပြောင်းပေးလိုက်တာနဲ့ ပတ်သက်ပြီး အခုလို တိုင်ကြားအမှုဖွင့်လိုက် တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။