ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ၈၈မျိုးဆက် အဖွဲ့ လေ့လာ သုံးသပ်


2013.07.28

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေအားလုံးကို လေ့လာသုံးသပ်  ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို လွှတ်တော်ထံ တင်ပြသွားမယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဥပဒေရေးရာကော်မတီက ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဥပဒေရေးရာကော်မတီ တာဝန်ခံ ကိုမာကီးက ဖျက်သိမ်းသင့်တဲ့ ဥပဒေတွေ ပြင်ဆင်သင့်တဲ့ဥပဒေတွေကို လာမယ့် သြဂုတ်လမှာ စတင် လေ့လာပြုစုသွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ လုပ်မှာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုတည်း မဟုတ်ဘူး။တည်ဆဲဥပဒေ၊ရာဇသတ်ဥပဒေတွေက ဥပမာ ဧည့်စာရင်းဥပဒေ ဒါတွေက မရှိသင့်တဲ့ ဥပဒေ၊ဒါတွေက အများကြီးရှိတယ်။ဒါတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့  ဘယ်ဥပဒေက ပြင်ဆင်သင့်တယ်၊ဘယ်ဥပဒေက ပြောင်းလဲသင့်တယ်၊ဘယ်ဥပဒေက ပြောင်းလဲသင့်တယ် ဆိုတာမျိူးတွေ လုပ်မှာပါ"

လာမယ့်သြဂုတ်လမှာ ကျင်းပမယ့် ၈လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပပြီး နောက်ပိုင်းမှာ ဥပဒေရေးရာ လေ့လာရေးအတွက် ရှေ့နေအဖွဲ့အစည်းတွေကို ဖိတ်ခေါ်သွားမယ်လို့ ပြောပါတယ်။

အဲ့ဒီလိုလေ့လာသုံးသပ်ပြီး ရတဲ့ အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေဆီကတဆင့် လွှတ်တော်ကို တင်ပြသွားမှာဖြစ်သလို ပြည်သူလူထုကြားထဲမှာလည်း အသိပေးပြောကြားသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။