လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ခံရမှု တစ်လပြည့်အခမ်းအနား ကျင်းပ
2012.12.29

Photo : RFA/San Oo
အဲဒီ့မေတ္တာပို့ပွဲမှာ ဆေးကုသမှုခံယူနေဆဲ သံဃာတော်တွေအတွက် ဗောဇ္ဈင်္ဂသုတ်ကိုလည်း ရွတ်ဖတ်ခဲ့တယ်လို့ မေတ္တာပို့ပွဲမှာပါဝင်ခဲ့တဲ့ လက်ပန်းတောင်းတောင်ခြေ၊ ဇီးတောကျေးရွာ၊ စမ်းမြဝတီကျောင်းတိုက် ဆရာတော် ဦးအာလောကက RFA ကို မိန့်ကြားပါတယ်။
ဒီကနေ့ပြုလုပ်ခဲ့တဲ့ မေတ္တာပို့ပွဲကို ပခုက္ကူ ရှင်မတောင်ဆရာတော် ဦးဆောင်တဲ့ သံဃာတော်ငါးပါးနဲ့ လက်ပန်းတောင်ဒေသခံ ၂၆ရွာက ရွာသူရွာသား ၂၅၀ကျော်တို့ စုပေါင်းပြီး အတူတကွပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူပဲ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု တစ်လပြည့်အထိမ်းအမှတ်အနေနဲ့ လက်ပန်းတောင်းတောင်ဒေသအပါအဝင် ရန်ကုန်၊ ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ ကျောင်းပန်းတောင်း၊ ရေစချို စတဲ့မြို့တွေမှာ ဒီကနေ့ နေ့လည်ပိုင်းက တစ်ပြိုင်နက်ထဲ ဆန္ဒပြဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။