စစ်သုံ့ပန်းတွေပြန်လွှတ်ပေးမယ်လို့ ကိုးကန့်အဖွဲ့ ပြောကြား


2015.04.30

ကိုးကန့်တပ်ကဖမ်းမိထားတဲ့ အစိုးရတပ်ဘက်က စစ်သုံ့ပန်း ၅ ယောက်ရှိနေပြီး၊ အဲ့ဒီလူတွေကို မကြာခင်ပြန် လွှတ်ပေးမယ်လို့သိရပါတယ်။

သူတို့ထဲကတစ်ယောက်က ဒဏ်ရာရထားလို့ကုပေးနေပြီး၊ စစ်ဆေးမေးမြန်းပြီးတဲ့အခါ ပြန်လွှတ်မယ်လို့ MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။

"၅ ဦးမှာ တစ်ဦးက ဒဏ်ရာနည်းနည်းပြင်းထန်လို့ ပခုံးမှာဒဏ်ရာလည်းရတယ် ပေါင်မှာလည်း ဒဏ်ရာရတယ်ဆိုတော့ သူ့ကိုကုသပေးနေတယ်အခု၊ အဲ့မှာ ကျနော်နည်းနည်းလေး မေးကြည့်စရာ ရှိတယ်၊ ဆိုလိုတာက ဘာကြောင့်မို့လို့ ကျနော်တို့ ကိုးကန့်တိုင်းရင်းသားကို ဒီလောက်ကြီး သဲသဲမဲမဲဖြစ်နေလဲဆိုတာ သူတို့သိမလားဆိုတော့ ကျနော်အဲ့ဒါလေးနည်းနည်းလေး မေးနေတာပါ၊ ကျနော်တို့ နည်းနည်းမေးပြီးတော့ သူတို့ကို သွားချင်တဲ့နေရာကို ကျနော်တို့လိုက်ပို့ပေးလိုက်မလို့"

အဲ့ဒီစစ်သုံ့ပန်းတွေဟာ မြန်မာ့တပ်မတော် တပ်မ (၃၃) ကဖြစ်ပြီး၊ သူတို့ထဲမှာ တပ်ကြပ်ကြီး ၂ ယောက်ပါတယ် လို့သိရပါတယ်။ အစောပိုင်းသီတင်းပတ်တွေက ဖမ်းမိတဲ့စစ်သုံ့ပန်းတစ်ဦးကိုတော့ ပြန်လွှတ်ပေးလိုက် ပြီလို့ပြောပါတယ်။

ဒ့ါအပြင် ကိုးကန့်တပ်ကမြေမြှုပ်ပေးရတဲ့ မြန်မာအစိုးရတပ်က တိုက်ပွဲကျစစ်သား အလောင်း ၉ဝ ကျော်ရှိနေပြီဖြစ် သလို၊ အဲ့ဒီအထဲမှာ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး၊ ပါဝင်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အခုဆိုရင် မြန်မာအစိုးရတပ်ဘက်က လက်နက်အင်အား လူအင်အားတွေလည်း အလုံးအရင်းလိုက်ပိုပြီး သုံးနေတယ်လို့ဆိုပါတယ်။

MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။