ခန္တီးမြို့နယ်မှာ ကလေး ၅ဝ ကျော် တုတ်ကွေးဖြစ်နေ


2016.09.22
flu-622.jpg တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူနေရတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပင်လုံကျေးရွာမှာ ကလေးငယ် အယောက် ၅ဝ ကျော် တုပ်ကွေးရောဂါ ဖြစ် ပွားနေပြီး ကျေးရွာမူလတန်းကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ကျောင်းနေအရွယ်ကလေးတွေ ဖြစ်ပွားနေတာကြောင့် ကူးစက်မှာ စိုးရိမ်တဲ့အတွက် ကျောင်းပိတ်ထားရတာ ဖြစ် တယ်လို့ ခန္တီးမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေး က ပြောပါတယ်။

"အများအားဖြင့်ကတော့ ကလေးတွေဖြစ်တာများတယ်၊ ၅ နှစ်အောက် ကလေးတွေက ၁၄ ယောက်၊ ၁၈ နှစ်အောက်က ၁၈ ယောက်၊ ၁၅ နှစ်အောက် ကလေးတွေက ၂၅ ယောက်လောက် ကျောင်းနေတဲ့ အရွယ်လေးတွေ ဖြစ်တဲ့အခါကျတော့ ကျောင်းကို ပိတ်ထားရတာ ခဏပေါ့နော်၊ တုပ်ကွေးက ကူးတဲ့အခါ ကျတော့ ကျောင်းကို ခဏပိတ်ထားလိုက်တာပေါ့"

ပင်လုံကျေးရွာဟာ ခန္တီးမြို့ကနေ မိုင် ၂ဝ ကျော် ကွာဝေးပြီး အိမ်ခြေ ၂ဝ ကျော် လူဦးရေ ၁ဝဝ ကျော်ရှိ တဲ့ ကျေးရွာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၅ ရက်နေ့လောက်က ပင်လုံကျေးရွာက တုပ်ကွေးဖြစ်ပွားနေတဲ့ ကလေးငယ်တချို့ဟာ ခန္တီးမြို့ တစ်ဖက်ကမ်း ဆင်သေကျေးရွာမှာ ဆေးခန်းလာပြရာကနေ ကျေးရွာမှာ တုပ်ကွေးဖြစ်ပွားနေတဲ့ ကလေးတွေများနေတာကို သိရတာဖြစ်တယ်လို့ ဦးမောင်တေး က ပြောပါတယ်။

အခုလိုဖြစ်ပွားတာဟာ ရာသီဥတုပြင်းထန်မှုကြောင့်ဖြစ်တဲ့ သာမန်တုပ်ကွေးဖြစ်ပြီး ပြီးခဲ့တဲ့လတွေက လဟယ် မြို့နယ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်သက်ရောဂါပုံစံမျိုး မဟုတ်ဘူးလို့ ခန္တီးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန် က ပြောပါတယ်။

လက်ရှိမှာ ခန္တီးမြို့က ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပြီး ဆေးကုသပေးနေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။