အကျဉ်းသား ထွက်ပြေးမှု အရေးယူဆောင်ရွက်နေတဲ့အခြေအနေ ဝန်ကြီးချုပ်ပြော


2018.10.06
nankhinhtwemyint-622 ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အကျဉ်းသားတွေကိစ္စ အစိုးရက ဆောင်ရွက်ထားတဲ့ အခြေအနေကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က ရှင်းလင်းပြောကြားစဉ်
ဓါတ်ပုံ - ကရင်ပြည်နယ် အစိုးရအဖွဲ့ သတင်း

ဘားအံထောင်က အကျဉ်းသား ၄၀ ကျော် ထောင်ဖောက်ထွက်ပြေးခဲ့တာနဲ့ ပတ်သက်လို့  ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတွေကို စစ်ဆေးနေဆဲဖြစ်ပြီး အနိမ့်ဆုံး ပြစ်ဒဏ်အနေနဲ့ တာဝန်ကနေ ရပ်စဲခံရမှာဖြစ်တယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က ထွက်ပြေးခဲ့တဲ့ အကျဉ်းသားတွေကိစ္စ အစိုးရက ဆောင်ရွက်ထားတဲ့ အခြေအနေကို ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ရှင်းလင်းပြောကြားတဲ့ ရုပ်သံဖိုင်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ သတင်း စာမျက်နှာမှာ တင်ထားတာဖြစ်ပါတယ်။ ဘားအံထောင်ဟာ စည်းကမ်းယိုယွင်းမှုတွေ အတော်ရှိပြီး တာဝန်ရှိသူတွေ ရဲ့ ပေါ့ဆမှုတွေရှိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် အကျဉ်းသားအရေအတွက်နဲ့ ဝန်ထမ်းအင်အား မမျှတဘူးလို့လည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောလိုက် ပါတယ်။

ဘားအံထောင်ဟာ အကျဉ်းသား ၇၀၀ လောက်သာ ထားရှိနိုင်မှာဖြစ်ပေမယ့် လက်ရှိမှာ အကျဉ်းသား နှစ်ထောင် ကျော် ရှိနေတဲ့အတွက် ဝန်ထမ်းအင်အား မမျှမတဖြစ်နေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးသွားသူတွေထဲက လွတ်မြောက်နေဆဲ ၁၆ ယောက်လောက် ကျန်ရှိနေပြီး အများစုက မူးယစ်ဆေးမှုနဲ့ အကျဉ်းကျခံခဲ့ရသူဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။