မြစ်ဆုံအရေး စာနယ်ဇင်း အခန်းကဏ္ဍ အရေးပါကြောင်း သတင်းစာဆရာများ ပြောကြား
2011.09.20

RFA
ဧရာဝတီမြစ်နဲ့ ပတ်သက်လို့ မေးမြန်း ရေးသား ဖော်ထုတ် တာတွေဟာ တာဝန်ကျေတယ်လို့လည်း ရန်ကုန်မြို့ခံ စာရေးဆရာ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြစ်ဆုံစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲမှာ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို အများစုက ကန့်ကွက်ရင် အစိုးရက ရပ်တန့်မှာလားဆိုတဲ့ မေးခွန်း အပါအဝင် ပြည်သူတွေ ကိုယ်တိုင် သိချင်နေတဲ့ မေးခွန်းတွေကို ပြည်တွင်း သတင်းထောက်တွေက မေးမြန်းခဲ့ပေမယ့် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းကတော့ မေးခွန်းအားလုံးအတွက် အဖြေကို စုပေါင်းပြီး ဖြေကြားသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာ စက်မှုဝန်ကြီး ဦးစိုးသိန်းကတော့ ဒီမြစ်ဆုံစီမံကိန်းကို အဖက်ဖက်က ဆက်လက် တိုင်ပင်ပြီး လုပ်ဆောင် သင့်တယ်လို့ အကြံပြု ဆွေးနွေးသလို၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းထွန်းကလည်း လေ့လာ တွေ့ရှိချက် အတိုင်း အဆုံးအဖြတ်ကို ခံယူ သွားမယ်လို့ ဆွေးနွေး ပြောဆိုပါတယ်။
ကချင်ပြည်နယ် တွင်းမှာ ဆောက်လုပ်နေတဲ့ မြစ်ဆုံ စီမံကိန်းအတွက် ဒေသခံ ကချင်ပြည်သူတွေ စိုးရိမ်နေကြသလို ဧရာဝတီ မြစ်ကြောင်း တလျှောက်က ပြည်သူတွေကပါ စိုးရိမ်နေချိန်မှာ သတင်းသမားတွေရဲ့ မေးခွန်းတွေက ပြည်သူတွေရဲ့ ခံစားမှုကို ပေါ်လွင်စေတယ်လို့ သုံးသပ် နေကြပါတယ်။
ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ရေးအတွက် ပြည်တွင်း သတင်းသမားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သတင်းစာ ဆရာတွေဖြစ်တဲ့ သတင်းစာဆရာကြီးဝင်းတင်၊ ပြည်သူ့ခေတ် ဂျာနယ်အတိုင်ပင်ခံ ဆရာမောင်ဝံသနဲ့ ရန်ကုန်တိုင်မ်းဂျာနယ်က အယ်ဒီတာ ဦးကိုကို (စက်မှု) တို့ကို ဆက်သွယ် မေးမြန်းကာ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |