မြန်မာစစ်အစိုးရနှင့် အိုင်အယ်အို စာချွန်လွှာ သက်တမ်းတိုး
2011.02.25

မစ္စတာ ဂိုင်း ရိုက်ဒါဟာ မြန်မာစစ်အစိုးရနဲ့ အိုင်အယ်အိုအကြား နားလည်မှု စာချွန်လွှာ တနှစ် သက်တမ်းတိုးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပြီး မနေ့က စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“ILO အဖွဲ့က နအဖ အစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ရှင်းပြတယ်လို့ သိရပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ကိစ္စတွေ ပပျောက်ရေးအတွက် သဘောတူထားတဲ့ စာချွန်လွှာကို သက်တမ်း တနှစ် တိုးပြီး ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး ဖြစ်တယ်။ ပြီးတော့ နောက် အလုပ်သမား အကျိုးစီးပွား ခံစားခွင့်တွေနဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်တွေ တိုးချဲ့ဖို့ ကိစ္စလည်း ဆွေးနွေးခဲ့တယ်လို့ အဲလို ပြောပါတယ်။”
“အလုပ်သမားများ အစည်းအရုံးတို့၊ သမဂ္ဂတို့ ဖွဲ့စည်းရေး ကိစ္စတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အဲဒီမှာ အထွေထွေ အတွင်းရေးမှူးကတော့ အခုလို အလုပ်သမား အကျိုးခံစားခွင့်တွေကို တိုးချဲ့ပြီးတော့ လုပ်ကိုင်ဖို့ ကြိုးပမ်းတာကို သိရတဲ့အတွက်ကြောင့် အားရပါတယ်၊ ဒီကိစ္စတွေအတွက် သဘောလည်း တူပါတယ်၊ အဲဒီတော့ မည်သို့ပင်ဖြစ်စေ ILO လုပ်ငန်းတွေဟာ အခက်အခဲ အမျိုးမျိုးကြားထဲမှာ ကြိုးပမ်းနေရတယ်ဆိုတာ သဘောပေါက်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ILO မြန်မာနိုင်ငံမှာ ဆက်လက်ပြီး တည်ရှိနေတာကိုက အားတက်စရာ တခုပါပဲလို့ အဲဒီလို ပြောလိုက်တယ်လို့ သိရပါတယ်ခင်ဗျ။”
ဒီတွေ့ဆုံပွဲမှာ အန်အယ်ဒီ အလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့လည်း တက်ရောက်ကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |