အကြမ်းဖက်တွေတိုက်ခိုက်ပုံ မြန်မာသံအမတ်ကြီး တင်ပြ
2018.08.29
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်စပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပုံကို လုံခြုံရေးကောင်စီမှာ မနေ့က တင်ပြခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ယောက်နဲ့ အရပ်သားတွေ သေဆုံးရပါတယ်။ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျနော်တို့ နိုင်ငံငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းတာကို တကမ္ဘာလုံးက ကြိုဆိုနေချိန်မှာ အကြမ်းဖက်မှု စေ့ဆော်ပြီး ဒီပြဿနာကို နိုင်ငံတကာက အာရုံစိုက်အောင်ပါပဲလို့ ပြောသွားပါတယ်။