ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်

ရန်ကုန်မြို့တော်အတွက် ဖွံဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကမာရွတ်မြို့နယ်၊ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို လာမယ့် ဖေဖော်ရီလ(၂၀)ရက်နေ့မှာ အပြီး ပြောင်းရွှေ့ဖို့အတွက် စည်ပင်သာယာရေး ကော်မတီက အကြောင်းကြားလိုက်ပါတယ်။

အခုလို ပြောင်းခိုင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ကားပွဲစားတွေ နဲ့ ဈေးသည်တွေ စုပေါင်းပြီး မပြောင်းရွှေ့ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြပြီး၊ အဲဒီ ကော်မတီက ဆန္ဒ ထုတ်ဖော်သွားဖို့ ပြင်ဆင်နေတယ်လို့ ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့် က RFAကို ပြောပါတယ်။

ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းကို ကြည့်မြင်တိုင်မြို့နယ် အတွင်းက ကမ်းနားလမ်းပေါ်မှာ တည်ရှိတဲ့ သီရိမင်္ဂလာဈေး ဟောင်းကို ပြောင်းရွှေ့ခိုင်းတာဖြစ်ပြီး ဘယ်လိုအစီအစဉ်တွေနဲ့ ပြောင်းရွှေ့ပေးမယ်ဆိုတာ မသိရသေးကြောင်း ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းကို ၁၉၉၇ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး အဲဒီမှာ နေ့စဉ် လုပ်ကိုင်နေကြတဲ့ ကားပွဲစား လေးထောင် နီးပါး နဲ့ ဈေးဆိုင်ခန်း (၁၀၀)ကျော်ခန့် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။