ထားဝယ်မှာ ကြက်ငှက် တုပ်ကွေး ဖြစ်ပွား


2017.07.26
chicken-622.jpg ကြက်ခြံတစ်ခြံကို တွေ့ရစဉ်
Photo: RFA

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့က ကြက်ခြံတစ်ခြံမှာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဖြစ်ပွားနေတဲ့ အတွက် ကြက်ဥနဲ့ ကြက်သား ဖြန့်ဖြူးရောင်းချမှုတွေ မလုပ်ဖို့ မနေ့ကစပြီး တားမြစ် လိုက်ပါတယ်။

ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက် သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်လင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်မှာရှိတဲ့ ကြက်ခြံတချို့မှာ မွေးမြူထားတဲ့ ကြက်တွေ ထောင်ချီသေဆုံးခဲ့တာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းကိုပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးပြီးနောက် ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်တယ်ဆိုတာကလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေတဲ့ ကြက်ခြံတွေက ကြက်တွေကို ရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကစပြီးဖြစ်ပွားခဲ့ရာ ၂၀၁၆ ခုနှစ်အထိ စုစုပေါင်း ၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။