မြန်မာတပ်မတော်နဲ့ ရှမ်း တပ်မတော် တိုက်ပွဲဖြစ်


2016.05.14
sspp-ssa-620.jpg SSPP/SSA ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် SSA/SSPP တို့ ကျောက်မဲမြို့နယ် ဘက်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် နောင်ပိန်ကိုထွက်ပြေးလာ တဲ့ ဒုက္ခသည် ၄၀၀ ကျော်ရှိ နေပြီလို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒုက္ခသည်တွေကိုကူညီဖို့ သွားနေတဲ့ ကျောက်မဲမြို့နယ် NLD အဖွဲ့ဝင် မရတာနာစိုးဇော်က အခုလိုပြောပါတယ်။

"တိုက်ပွဲဖြစ်တာနဲ့ အဲ့ဖက်ကနေပြီးတော့မှ တချို့လည်းလမ်းလျှောက်၊ တချို့လည်းကားနဲ့ ဆိုင်ကယ်တွေနဲ့ အဲ့လိုမျိုး ဒီဖက်ကိုပြေးလာကြရတယ်၊ စစ်ရှောင်စခန်းဖွင့် ထားတာလေ၊ ၄၇၀ လောက်ရှိပြီ၊ ကျမလည်းအဲ့လောက်ပဲသိသေးတာ"

ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် SSA/SSPP ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။