ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း ထုတ်ပြန်
2012.07.25
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပုသိမ်မြို့က မဇာခြည်လင်းနဲ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်ပါတယ်။
အခု ရွေးချယ်လိုက်သူတွေကို မကြာခင်မှာ သရုပ်ဆောင် လေ့ကျင့်ပေးဖို့ စတင်တော့မှာ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဆင့်ဆင့် ရွေးချယ်ခဲ့ရမှာ ဆန်ခါတင် (၇) ဦးရရှိခဲ့ပြီး ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားသူ (၄၆) ဦးထဲက ဆန်ခါတင် (၄) ဦးရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီထဲကမှ အခုလို (၂) ဦးစီ နောက်ဆုံးအဆင့် ထပ်မံ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။