လယ်ယာမြေ ဥပဒေမူကြမ်း အောက်လွှတ်တော်က အတည်ပြု

“လယ်ယာမြေ ဥပဒေမူကြမ်း ၂ဝ၁၁” ကို နေပြည်တော်မှာ ကျင်းပ ပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အတည်ပြု ပေးလိုက်ပြီလို့ လွှတ်တော်အစည်းအဝေး လေ့လာနေသူတဦးက အာအက်ဖ်အေကို ပြောပါတယ်။

2011.09.25
farmer-plough-305 လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ်
AFP

အဲဒီ လယ်ယာမြေ ဥပဒေမူကြမ်းရဲ့ အဓိက အချက်ကတော့ ပိုင်ရှင် လယ်သမားတဦးချင်းစီ အနေနဲ့ လယ်လုပ်ပိုင်ခွင့် လွဲှပြောင်းပေးပိုင်ခွင့်တွေ ပါရှိခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“လုပ်ပိုင်ခွင့် ရပြီးရင် ကြေးတိုင်နဲ့ မြေစာရင်းကို သွားပြီး မှတ်ပုံတင်ခွင့် ရှိမယ်။ မှတ်ပုံတင်ခွင့် ရသွားပြီဆိုရင် ဒီလယ်ယာမြေကို သူပေးချင်တဲ့လူကို လွှဲပြောင်းပိုင်ခွင့်ရှိမယ်။ နောက် ဒါကို ဘဏ်မှာ ပေါင်နှံပြီး လယ်ယာအတွက် လိုအပ်တဲ့ချေးငွေ ထုတ်ယူခွင့် ရှိမယ်”

ဒီဥပဒေကို အမျိုးသားလွှတ်တော်ကနေ အတည်ပြုနိုင်ဖို့ ဆက်လက် တင်သွင်းရဦးမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်က ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် တို့မှာလည်း အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောဆိုနေကြပါတယ်။

အဲဒီ လယ်ယာမြေ ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ အသေးစိတ် အချက်အလက် အပြည့်အစုံကိုတော့ အားလုံး အတည်ပြု ပြဋ္ဌာန်းပြီးတဲ့ အချိန်ရောက်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။