လယ်သမားတွေ သတင်းထောက်တွေ လွှတ်ပေးရေး ကြေညာချက်ထုတ်


2014.04.27
pantanaw-farmer-protest-305.jpg မတရားသိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့ ဆန္ဒဖေါ်ထုတ်ပွဲကို မကွေးမြို့ ကြာကန်ကျေးရွာမှာ မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: RFA

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ၊ လယ်သမားတွေ လွတ်မြောက်ဖို့ နဲ့ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက မကွေးကျောင်းတိုက်မှာ လယ်သမားအရေးဆောင်ရွက် တဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က ကိုသက်နိုင်က အခုလိုပြောပါတယ်။

"စတုတ္ထမဏ္ဍ္လိုင် လို့ နိုင်ငံတော်သမ္မတကြီး ကပြောထားတဲ့ ကဏ္ဍမှာ မီဒီယာတွေ ကို နှိပ်ကွပ်ပြီးဖမ်းနေတာဟာ ဒါမျိုးတွေ ကန့်ကွက်ပြီးရှှုတ်ချရမယ် နောက် ပြီးတော့ တောင်သူလယ်သမားတွေ သိမ်းဆည်း ခံထားရတဲ့ လယ်တွေကိုပြန်ပြီးတော့တောင်းတယ်၊ပိုင်နက်ကျူးလွန်မှှုနဲ့ တရားစွဲခံထားရတယ်၊ဒါတွေက မမျှတဘူးဖြစ်တယ် စစ်အစိုးရခေတ်ကလုပ်သွားတဲ့ အပြုအမူကို လုံးဝမပြောင်းလဲဘူးဆို တာပေါ်လွင် တယ်၊ပုဒ်မ ၁၈ နဲ့ ဖမ်းထားတဲ့ကိစ္စတွေ၊ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေရတဲ့လူတွေ မီဒီယာတွေ ပြန်လွှတ်ပေးဖို့ မတရားဥပဒေတွေ ပြန်ရုတ်သိမ်းပေးဖို့ ကျနော်တို့  ကြေငြာချက်တွေထုတ်ပြီးတော့ တောင်းဆိုတယ် "

ဒီနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ နတ္တလင်း ပြည်သူ့အကျိုး ဆောင်ကွန်ရက်နဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့က လယ်သမားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကြေညာချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ ဖြေရှင်းပေးတာ မရှိခဲ့ရင် နိုင်ငံတော် သမ္မတ ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌတို့ဆီကို တင်ပြတောင်းဆိုသွားကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။