"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ ထိခိုက်သေဆုံးမှုရှိ


2019.03.23
minemaw-explosion-622.jpg "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားစဉ်
Photo: Ye Htut Oo - WeChat

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက RFA ကို ဒီနေ့ ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခဲယမ်းတွေသိုလှောင်တဲ့နေရာ မတော်တဆဖြစ်တယ်လို့သာ သိထားရပြီး အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဦးညီရန်းက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေရှိပေမယ့် အရေအတွက်အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း ဦးညီရန်းက ပြောပါတယ်။

မိုင်းမောမြို့ဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပန်ဆန်းမြို့နဲ့ ကီလိုမီတာ ၁၅၀ ခန့်ကွာဝေးတယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ RFA က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာ မျိုးထွန်း နဲ့ ဝန်ကြီး ဦးစိုင်းစွံဆိုင်း တို့ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ထိခိုက်သေဆုံးသူတွေအခြေအနေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုလို့မရသေးပါဘူး။

ပန်ဆန်းမြို့မှာ ဧပြီလ ၁၅ ရက်နေ့ကစပြီး ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနားကျင်းပဖို့ ရှိပြီး ဒီအခမ်းအနားအတွက် ပန်ဆန်းမြို့မှာတင်မက မိုင်းမောမြို့မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ ရှိတယ်လို့ သိရပါတယ်။


ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။