ကျောင်းသားတွေအရေး အစိုးရက ဦးဆောင်ဖြေရှင်းပေးဖို့ တိုင်းရင်းသားပါတီတွေတောင်းဆို
2015.03.07

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ တားဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေ ကို အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ က မေတ္တာရပ်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
လေးပွင့်ဆိုင်သဘောတူညီချက်တွေ ပျက်ပြယ်မသွားဖို့ နဲ့ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်း သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအခြေအနေ မထိခိုက်ဖို့ အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောပါတယ်။
"အဓိကကတော့ လေးပွင့်ဆိုင်တွေ့ဆုံရေးကို နှစ် ဖက်စလုံးဆုံးရှုံးမှာကို ကျနော်တို့ကြောက်တယ် ၊ လေးပွင့်ဆိုင်ရလဒ်က ကျောင်းသားလည်း တန်ဖိုးထားတယ်၊ အစိုးရလည်း တန်ဖိုးထားမယ် လို့ထင်တယ်၊ အစိုးရက ဒီလိုမျိုးလုပ်နေတဲ့ အလုပ်တွေက ကျောင်းသားတွေကို အနာတရဖြစ်စေတယ်၊ ကျောင်းသားတွေ တော်တော်များများပင် ပန်းတယ်၊ အစိုးရတရပ်အနေနဲ့ ဒီအပေါ်မှာ ခေါင်းမာမနေပဲနဲ့ပေါ့နော် အကောင်းဆုံးကတော့ ဆောင် ရွက်ပေးတဲ့ထောင့်ကနေ ဝိုင်းဝန်းဆောင်ရွက်ဖို့ဆိုပြီးမှ ကျနော်တို့ တိုက်တွန်းထားတယ်ဗျ"
အဲ့ဒီမေတ္တာရပ်ခံစာကို မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ ဇိုမီး ဒီမိုကရေစီကွန်ရက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ စတဲ့အဖွဲ့ ၂၃ ဖွဲ့က မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်တာဖြစ် ပါတယ်။
ကျောင်းသားသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲမှုတွေ မလုပ်ဖို့နဲ့ အကြမ်းဖက်ဖြေရှင်းပါက မမျှော်လင့်နိုင်တဲ့ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း မေတ္တာရပ်ခံစာမှာ ပါရှိပါတယ်။