ဓာတ်ပုံသတင်းထောက် ဦးမောင်မောင်ဇေယျ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ
2011.02.06

(Photo: AFP)
မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင်က အခုလို ပြောပြပါတယ်။
“အားလုံးပေါင်း အမှု လေးမှုစလုံးအတွက် ၁၃ နှစ်ပေါ့။ ၄ ရက်နေ့ သောကြာနေ့က။ ဒီအတိုင်းပဲ လာမယ်ဆိုတာ သိပြီးသားပဲလေ”
နော်ဝေနိုင်ငံ အခြေစိုက် DVB ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်တွေဖြစ်တဲ့ ဦးမောင်မောင်ဇေယျနဲ့ သားဖြစ်သူ ကိုစည်သူဇေယျ တို့ဟာ ၂ဝ၁ဝ ခုနှစ် ဧပြီလအတွင်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပါတယ်။ စစ်အစိုးရက ကိုစည်သူဇေယျကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဦးမောင်မောင်ဇေယျ ကိုလည်း အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေတပ်ပြီး ထောင် ၁၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ခင်ပွန်း ဦးမောင်မောင်ဇေယျနဲ့ သား ကိုစည်သူဇေယျတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအတွက် အယူခံဝင်နိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင် ဆောင်ရွက်နေတယ်လို့ ဒေါ်ရီရီတင်က ပြောပါတယ်။
ဦးမောင်မောင်ဇေယျဟာ ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့သား ဖြစ်ပါတယ်။