အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ထိုင်းနဲ့ အင်ဒိုခရီးမှာ မြန်မာ့အရေးဆွေးနွေးမည်

RFA Burmese
2023.03.20
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ထိုင်းနဲ့ အင်ဒိုခရီးမှာ မြန်မာ့အရေးဆွေးနွေးမည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ဟာ ထိုင်းနဲ့ အင်ဒိုးနီးရှားခရီးစဉ် ဒီနေ့ စတင်လိုက်ပါတယ်။

ခရီးစဉ်အတွင်း အဲဒီနိုင်ငံတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အခြေအနေပိုဆိုးလာနေတဲ့ မြန်မာပြည်ကိစ္စအတွက် ပြည်သူတွေရဲ့ဆန္ဒကို အခြေခံတဲ့အဖြေရအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လိုရှာမလဲဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မစ္စတာ ဒဲရစ်ချောလက်ဟာ နှစ်နိုင်ငံရီးကို ဒီနေ့ မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ရေးဆွဲထားပါတယ်။ အင်ဒိုနီးရှားမှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အမေရိကန်-အင်ဒိုနီးရှား နှစ်နိုင်ငံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတွေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စတွေ၊ လုံခြုံရေးနဲ့ စွမ်းအင်ကိစ္စွတွေ ဆွေးနွေးမယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်တဲ့အခါမှာလည်း အမေရိကန်-ထိုင်း နှစ်နိုင်ငံမဟာမိတ်ကိစ္စနဲ့ ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ဆွေးနွေးမှာဖြစ်သလို၊ မြန်မာပြည်ငြိမ်းချမ်းဖို့ကိစ္စအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

မစ္စတာချောလက်ဟာ နှစ်နိုင်ငံစလုံးမှာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့မယ့်အပြင် အရပ်ဘက်အဖွဲ့၊ လူငယ်အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့လည်းတွေ့ပြီး ပြည်သူချင်းဆက်ဆံရေး ကိစ္စတွေဆွေးနွေးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။