လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ
2012.10.27

RFA
အဲဒီလို သွားရောက်တားမြစ်နေစဉ်အတွင်း အချိန်ပိုင်းလောက်မှာပဲ ကုမ္ပဏီဖက်က လုံခြုံရေး ရဲဝန်ထမ်း (၃၀)ကျော်နဲ့ သွားရောက်တားမြစ်တဲ့ ဒေသခံတွေကြား အဓိကရုန်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးတွေ နေ့စဉ်ရက်ဆက် လာဆောက်နေတဲ့ အတွက် ဆောက်လုပ်နေတာတွေ မရပ်မချင်း အသေခံတားမြစ်သွားမယ်လို့ ဆည်တဲ ဒေသခံ ရွာသူတစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ မြေစာတွေကို ကျော်ရွာအနီးအနားက လယ်မြေတွေမှာ သွားရောက်စွန့်ပစ်တဲ့အတွက် ဒေသခံ(၂၀၀) နီးပါးလောက် သွားရောက်တားမြစ်ခဲ့ကြတယ်လို့ သိရပါတယ်။